about_1

(ထိုသို့အခြား သူတည်သောတိုက်မြစ် အပေါ်မှာ ငါထပ်၍မတည်မဆောက်။ ခရစ်တော်၏နာမကို မကြားဘူးသောအရပ်၌ ဧဝံဂေလိတရားကို ဟောခြင်းငှါ စေတနာစိတ်နှင့် ငါကြိုးစားအားထုတ်လေ့ရှိ၏။၂၁ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား ထိုသူ၏အကြောင်းကို အဘယ်သူမျှ မပြဘူးသော်လည်း၊ သူတို့သည်မြင်ကြလိမ့်မည်။ မကြားဘူးသော သူတို့သည် နားလည်ကြလိမ့်မည်ဟု လာသတည်း။ ရောမ ၁၅း၂၀-၂၁)

အမ်တီဘီ ရေဒီယိုကို ဘုရားသခင်က သူ့အကြံအစည်တော်ကို အမေရိကန်သာသနာပြုဆရာများ၏နှလုံးသားတွင် ထည့်ပေး
ခြင်းအားဖြင့် ၂၀၁၄ ခုနှစ်တွင် အစပြုခဲ့ပါသည်။ ဘုရားသခင်၏စိတ်တော်မှာ မြန်မာလူမျိုးများ နောင်တရပြီး သခင်ယေရှုခရစ်
တော်ကို ယုံကြည်လက်ခံလာခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော်တွင် စံမြန်းနိုင်ကြစေရန် ဖြစ်ပါသည်။

အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးသနားတော်မူသော ဆုကျေးဇူးတော်ကား ငါတို့သခင်ယေရှုခရစ်
အားဖြင့် ထာဝရအသက်ပေတည်း။ (ရောမ ၆း၂၃)

ထိုအချိန်မှစတင်ပြီး ဘုရားသခင်၏အလိုတော်ကို ရှာကာ ဤအသံလွှင့်ဌာနအတွက် ပြင်ဆင်ခဲ့ကြပါသည်။

အမ်တီဘီရေဒီယိုအစီအစဉ်တွင် ပါဝင်မည့်အရာများ၊

  1.  ဂန္ဓဝင်ဓမ္မသီချင်းကြီးများနှင့် အခြား သီချင်းကောင်းများနှင့် ခရစ်ယာန်တေးဂီတများ၊
  2. ဆရာကြီးယုဒသန်ဘာသာပြန်ဆိုထားသော ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းများကို ဖတ်ကြားပေးခြင်း၊
  3. ဆရာကြီး  J. Vernon McGee ၏ သမ္မာကျမ်းစာ ဟောကြားချက်များ၊
  4. ဖလော်ရီဒါပြည်နယ် အိုကလာမြို့ရှိ ဗဟိုနှစ်ခြင်းအသင်းတော်မှ ဆရာကြီး Dr Andy Bloom ၏ တရားဒေသနာဟောကြား
    ချက်များ။
  5. ဘုရားသခင်နှင့်သခင်ယေရှုအကြောင်းများ အပါအဝင် ကယ်တင်ခြင်းသတင်းကောင်းများ၊
  6. လူကြီးနှင့်ကလေးများအတွက် သမ္မာကျမ်းစာသင်ခန်းစာများ။
  7. ခရစ်တော်၏ ဘုရားဇာတိအဖြစ်တော်၊ သုံးပါးတဆူ ကဲ့သို့ သမ္မာကျမ်းစာသြဝါဒဆိုင်ရာ သင်ခန်းစာများနှင့်

အနာဂတ်အတွက် အစီအစဉ်များ၊

  1. သမ္မာကျမ်းစာမှတဆင့် အင်္ဂလိပ်ဘာသာ သင်ကြားပေးခြင်း၊
  2. အမေရိကားနှင့် အင်္ဂလန်နိုင်ငံများမှ
    တရားဟောဆရာကြီးများ၏ ကောင်းမွန်သော တရားဒေသနာများ။

ကျွန်ုပ်တို့၏ စာပေ သာသနာအားဖြင့် သမ္မာကျမ်းစာများ၊ ဧဝံဂေလိဓမ္မဝေစာများနှင့် အခြားသင်ကြားမှုဆိုင်ရာ အထောက်အပံ့
ပစ္စည်းများကို သင့်အတွက် အခမဲ့ ပြင်ဆင်ပေးပါမည်။

ဤအရာများကို ရယူခံစားလိုပါက အီးမေးလ်နှင့်ဆက်သွယ်ရေး အချက်

အလက်များ၌ သင့်အီးမေးလ်နှင့် သင့်ဖုန်းနံပါတ်ကို ပေးပို့ပါက ကျွန်ုပ်တို့၏ စာပေထုတ်ဝေရေး တာဝန်ခံမှ ပြန်လည်ခေါ်ဆို
ဆယ်သွယ်ပေးမည်ဖြစ်သည်။